လ - ဖေ‌ဖော်ဝါရီ 2017

တကယ့်လက်တွေ့ကမ္ဘာ

လွန်ခဲ့သော ၂၀၀၂ ခုနှစ်က  ၁၇ နှစ် သမီးငယ်လေး မယ်လီဇာကို ယာဉ်မတော်တဆမှုဖြင့် ဆုံးရှုံခဲ့ရပြီး နောက်ပိုင်း နှစ်ကာလများတစ်လျှောက်တွင် ကျွန်တော်သည် “တကယ်လို့များ”  ဟူသည့် အတွေးကမ္ဘာထဲဝင်ရောက်နေကြောင်း သိလာရသည်။ ဝမ်းနည်းဖွယ် ထိုဇွန်လ ညနေခင်းအကြောင်း ပြန်စဉ်းစားရင်း “ပြန်ပြောင်းလို့ရမယ်ဆိုလျှင် ... မယ်လေးအား အိမ်သို့ ဘေးကင်းလုံခြုံစွာ ပြန်ရောက်စေချင်ပါသည်”ဟု ရင်နင့်လျက် ခံစားရသည်။
လက်တွေ့တွင် “တကယ်လို့များ” ဟူသည့် အတွေး ကမ္ဘာက ကျွန်တော်တို့အတွက် ကောင်းသောနေရာ မဟုတ်ပါ။ ၎င်းသည် ကျွန်ုပ်တို့ကို နောင်တနှင့် ဝမ်းနည်း စေသော၊ မရေရာသည့် မှန်းဆချက်များနှင့် မျှော်လင့်ချက်မဲ့ စေသောအရပ်ဖြစ်သည်။ လက်တွေ့ဘဝ၌ ကြေကွဲရပြီး ဝမ်းနည်းစရာများ၊ အဆုံးမသတ်နိုင်ဖြစ်နေရ၍ ကျွန်တော်တို့ အနေဖြင့် “တကယ့်လက်တွေ့”ကမ္ဘာ၌ နေလျှင် အသက်တာ ပိုမိုကောင်းမွန်ပြီး ဘုရားသခင်၏ ဘုန်းတော်ထင်ရှားလိမ့်မည်။
ထိုကမ္ဘာတွင် မျှော်လင့်ခြင်း၊ ခွန်အားပေးမှုနှင့်…

ဆက်ပြေး

The Amazing Race သည် ကျွန်တော့်အကြိုက် ရုပ်သံအစီအစဉ်တစ်ခုဖြစ်သည်။ ဤအစီအစဉ်တွင် လင်မယားစုံတွဲ ၁၀ တွဲကို ရွေးချယ်ပြီး နိုင်ငံခြားတိုင်းပြည်တစ်ခုတွင် ဆုံမှတ်တစ်နေရာမှတစ်နေရာသို့ ရထား၊ ဘတ်စ်ကား၊ တက္ကစီ၊ စက်ဘီး၊ ခြေလျင် စသဖြင့် ညွှန်ကြားသည့်အတိုင်း သွားရသည့် ပြိုင်ပွဲဖြစ်သည်။ သတ်မှတ်ထားသည့် ပန်းတိုင်သို့ အရင်ဆုံးရောက်ရှိသွားသည့် စုံတွဲအတွက် ဆုငွေမှာ ဒေါ်လာတစ်သန်းဖြစ်သည်။
တမန်တော်ရှင်ပေါလုက ခရစ်ယာန်အသက်တာကို  ပြိုင်ပွဲဖြင့် ခိုင်းနှိုင်းထားပြီး သူကိုယ်တိုင်ပင် ပန်းတုံးတိုင်သို့ မရောက်သေးကြောင်း ဝန်ခံပြောဆိုသည်။ “ညီအစ်ကိုတို့၊ ငါကိုင်မိပြီဟု ကိုယ်ကိုယ်ကို မထင်သော်လည်း ငါပြုသော အမှုတစ်ခုဟူမူကား နောက်ကျသောအရာတို့ကို မမှတ်ဘဲ၊ ရှေ့၌ရှိသောအရာတို့ကို ကမ်းလှမ်း၍ ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သောဆုကို ရခြင်းငှာ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏” (ဖိ ၃း၁၃-၁၄)။ ရှင်ပေါလုသည် နောက်သို့ပြန်လှည့်ကြည့်ကာ အတိတ်မှ ချို့ယွင်း…

စုံလင်သော ကျေးဇူးတော်

ဘုရားသခင်၏ အကြွင်းမဲ့စုံလင်ခြင်းသဘောကို သခင်ယေရှုသည် စိုးစဉ်းမျှ လျော့ပေါ့ နှိမ့်ချခြင်း မရှိပါ။ သူကြွယ်အရာရှိလေးအား “ထို့ကြောင့် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် စုံလင်တော်မူသည်နည်းတူ သင်တို့သည်လည်း စုံလင်ခြင်းရှိကြလော့” (မ ၅း၄၈) ဟု မိန့်ကြားခဲ့သည်။ အကြီးမြတ်ဆုံးသောပညတ်ကား အဘယ်နည်းဟု သူ့အား စုံစမ်းမေးမြန်းသည့် ကျမ်းတတ်တစ်ဦးကို “သင်၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိ သမျှနှင့်ချစ်လော့” (မ ၂၂း၃၇) ဟု တုံ့ပြန်ခဲ့သည်။ ထိုပညတ်ကို မည်သူမျှ ပြီးပြည့်စုံအောင် မဖြည့်ဆည်းနိုင်ပါ။
ထိုသခင်သည် အကြွင်းမဲ့ ကျေးဇူးပြုခြင်းသဘောကို လည်း ကြင်နာမှုဖြင့် ကမ်းလှမ်းပေးခဲ့သည်။ မှားယွင်းသည့် အမှု ပြုသည့် မိန်းမ၊ ကားတိုင်ထက်မှ ဓားပြ၊ သူ့ကို သိရက်နှင့် ငြင်းခဲ့သည့် တပည့်တော်၊ ခရစ်ယာန်များကို ညှဉ်းဆဲသူအဖြစ် ထင်ရှားသည့် ရှောလု စသည်တို့ကို သခင် ခွင့်လွှတ်ခဲ့သည်။ ကျေးဇူးပြုခြင်းသဘောသည်…

ကူးစက်ပျံ့နှံ့သော ဧဝံဂေလိသတင်းကောင်း

ဘော်စတွန်ပြည်နယ်ရှိ နော့အစ်တန် တက္ကသိုလ်မှ Viral Texts  စီမံကိန်းတစ်ရပ်ကို လုပ်ဆောင်ပြီး ၁၈၀၀ ပြည့်နှစ်များခေတ်၏လူမှုမီဒီယာကွန်ရက်ဖြစ်သည့် သတင်းစာမှ တစ်ဆင့် ပုံနှိပ်ဖော်ပြသည့်အကြောင်းအရာများ မည်သို့ ပျံ့နှံ့သည်ကို လေ့လာကြသည်။ စာမူတစ်ပုဒ်သည် အကြိမ် ၅၀ ထက်မနည်း ပြန်လည်ပုံနှိပ် ဖော်ပြရပါက ၎င်းကို စက်မှုခေတ်၏ ကူးစက်ပျံ့ပွားမှုကို ဖြစ်စေသော အရာ/စာမူဟု သတ်မှတ်ခံရသည်။ စမစ်ဆိုးနီးယား မဂ္ဂဇင်းတွင် ဘရစ်ထ် ပီတာဆန်က မိမိ၏ယုံကြည်ခြင်းကြောင့် အသတ် ခံရသည့် သခင်ယေရှု၏နောက်တော်လိုက်များအကြောင်း ၁၉ ရာစုနှစ်၏သတင်းများကို အကြိမ်ပေါင်း ၁၁၀ ထက်မက စာစောင်အမျိုးမျိုးတွင် ပုံနှိပ်ဖော်ပြသည်ကို တွေ့ရကြောင်း သူသတိပြုမှတ်သားမိသည်ဟု ရေးသားခဲ့သည်။
သက်သာလောနိတ်မြို့ရှိ ခရစ်ယာန်များထံ စာရေး ရာ၌ သခင်ယေရှုအကြောင်းကို ရဲရင့်ခြင်းစိတ်၊ ဝမ်းမြောက်ခြင်းစိတ်ဖြင့် သက်သေခံခြင်းအတွက် ၎င်းတို့ကို ရှင်ပေါလုမှ ချီးကျူးခဲ့သည်။ “သင်တို့ထံက သခင်ဘုရား၏ နှုတ်ကပတ် တရားတော်အသံသည်…

ကမ်းနား သစ်ပင်

ဤသစ်ပင်လေးအပေါ် မနာလိုဖြစ်မိသည်။ မြစ်ကမ်းနားတွင် ပေါက်ရောက်သဖြင့် မိုးလေဝသအစီရင်ခံစာကို မကြောက်၊ အပင်ခြောက်သွားနိုင်သည့် အပူချိန်ကိုမမှု၊ မရေရာသော အနာဂတ်အတွက် စိုးရိမ်စရာမလိုပေ။ မြစ်ရေကြောင့် အာဟာရနှင့် အအေးဓာတ်ရရှိသည်။ အရွက်များက နေရောင်ခြည်ကို ခံယူသည်။ အမြစ်များက  မြေကြီးတွင် ခိုင်မာစွာ ကုပ်ထားသည်၊ အရွက်များက လေကို သန့်စင်ပေးသည်။ နေပူဒဏ်မှလွတ်အောင် သူ့အရိပ်၌ အများသူငါတို့ ခိုလှုံနိုင်သည်၊။
ဆန့်ကျင်ဘက်အားဖြင့် ပရောဖက်ကြီးယေရမိက ခြောက်သွေ့သော ချုံပုတ်ကို ညွှန်ပြသည် (ယေ ၁၇း၆)။ မိုးကုန်သည်နှင့် နေပူရှိန်ကြောင့် မြေသားခြောက်သွေ့သွား သည်။   ၎င်း၏အရွက်များ ညှိုးနွမ်းသွားပြီး မည်သူ့ကိုမျှ အရိပ်  အသီးအပွင့် မပေးနိုင်။
အဘယ်ကြောင့် ပရောဖက်ကြီးက စိမ်းလန်းဖွံ့ဖြိုးသောအပင်နှင့် သွေ့ခြောက် သော အပင်ကို နှိုင်းယှဉ်ပြသနည်း။ သူ၏လူတို့အား ကျွန်ခံရာ အဲဂုတ္တုပြည်မှ အံ့ဖွယ်ရာ ကယ်နှုတ်ခဲ့ခြင်းကို ပြန်လည်သတိရစေရန်ဖြစ်သည်။ ၎င်းတို့သည် နှစ်ပေါင်း…